နိုင်ငံခြားထွက်မည့်သူများအတွက် သိထားရမည့် Passport အမျိုးအသား PV/PJ အကြောင်း
====================================
ဒီကာလမှာ လူငယ်အများစုဟာ မိမိတို့ဘဝရှေ့ရေူအတွက် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ဖို့ ပိုမိုကြိုးစားလာကြပါတယ်။ ဒီအတွက် Passport ဆိုတဲ့ နိုင်ငံကူလက်မှတ်က အရမ်းအရေးကြီးပါတယ်။
များသောအားဖြင့် Passport အမျိုးအစားမှ PV နဲ့ PJ အမျိုးအစားကို အများစုကပြုလုပ်ကြပါတယ်။ ဒါကြောင့် PV နဲ့ PJ ရဲ့ကွာခြားပုံ အသုံးဝင်ပုံတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်နော်။
PV / PJ ကြောင့် လေဆိပ်မှာ လတ်မှတ်ဆုံးပြီး ပြင်ဆင်ထားသမျှ သဲထဲရေသွန် မဖြစ်ရအောင် ဘယ်လိုနည်းလမ်းနဲ့ နိုင်ငံခြားထွက်သင့်လည်း ချင့်ချိန်ကြပါ။
အများအားဖြင့် အလုပ်လုပ်ချင်လို့ ထိုင်း ၊ မလေးနှင့် စင်္ကာပူသွားဖို့ပြင်ဆင်ကြတယ်။ ပထမဆုံး ပြင်ဆင်တာ ပတ်စပိုစ့်ပါ။ အာ့မှာစပြီး မှားကြတာပါ၊ သူတို့တွက်ထားတာက အလုပ်လုပ်မယ်ဆိုရင် PJ ပတ်စပိုစ့်လုပ်ရမယ် တွေးလိုက်ကြတယ်။
အဓိက တွေးရမှာက MOU လမ်းကြောင်းနဲ့သွားမယ့် ပတ်စပိုစ့် ဆိုရင် PJ။ အလုပ်ခေါ်စာ NonB နဲ့သွားမယ့် ပတ်စပိုစ့်ဆိုရင် PJ။ ကိုယ့်အစီအစဉ်နဲ့ အလည်ထွက်ပြီး ဟိုရောက်မှ အလုပ်ရှာ ပန်းရောင်ဘတ် ရိုတ်မယ်ပတ်စပိုစ့် PV။
ဒါကြောင့် ပတ်စပိုစ့် လျှောက်တဲ့အခါ သေရွေးချယ်ပါ။ ကိုယ့်မှာ MOU နဲ့ ချိတ် ထားတာမရှိ အလုပ်ခေါ်စာလည်း မရှိပဲ နိုငံခြားထွက်ပြီး ဟိုက အဆက်အသွယ်နဲ့ ထွက်မယ့်သူများ PV ပဲ လုပ်ရမှာပါ။
ဘာဖြစ်လို့လည်းဆိုတော့ လေဆိပ်မှာ ဖရီးဗီဇာနဲ့ ထွက်မယ့်သူ Tourist Visa နဲ့ ထွက်မယ့်သူ အားလုံး ပတ်စပိုစ့်သည် PV type ဖြစ်ရပါမယ်။
အကယ်၍ ကိုယ်လုပ်ထားတဲ့ ပတ်စပိုစ့် PJ type ဖြစ်နေတယ် အာ့နဲ့ပဲ နိုင်ငံခြား ထွက်ချင်တယ်ဆိုရင် OWIC card လုပ်ထားဖို့ အကြံပေးပါရစေ။
PJ type သမားတွေ လေဆိပ်မှာ OWIC card ပါရင် အလည်ပဲသွားသွား ၊ အလုပ်ပဲသွားသွား ရပါတယ်။
ပတ်စပိုစ့်လုပ်တဲ့အချိန် လ.ဝ.က ဘယ်သွား ဘာလုပ်မှာ လည်း မေးတဲ့အချိန် လွယ်လွယ်ဖြေခဲ့ကြတယ် ထိုင်းအလုပ် အာ့လိုဖြေပြီး PJ တွေ ဖြစ်နေကြသူတွေ တကယ် နိုင်ငံခြား အလည် သို့ Tourist Visa နဲ့လည်းထွက်ရော လေဆိပ် လဝက ကပေးမထွက်တော့ပါ။
ပြန်ပြင်ဆင်ရပါတော့တယ် ဒါတွေသည် စကစလက်ထက်တွင် ပိုက်ဆံရိတ်နည်း တမျိုးပါ ခုဆို လဝကတင်မဟုတ် Airlines တွေကအစ ရစ်နေပါတော့တယ်။ စမတ်ကျကျ ထွက်သူတွေကတော့ ပုံမှန်ပေမယ့် နားမလည် ပါးမလည် အိုးတိအိုးတ ဆိုရင်တော့ တီးဖို့စောင့်နေပါကြောင်း။
========
Credit ; မသင်းယု
Post a Comment